ဥပဒေရေးရာစီမံရေးရာဌာနမှူး
မြန်မာနိုင်ငံ၏ဥပဒေရေးရာနယ်ပယ်တွင် ၁၂နှစ်ကြာ အတွေ့အကြုံဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်နေသူ ဥပဒေပညာရှင်တဦးဖြစ်ပါသည်။ လက်ရှိတွင် BNK Capital Myanmar ၏ ဥပဒေရေးရာဌာနတွင် အဓိက တာဝန်ထမ်းဆောင်နေပါသည်။ သူမသည် ကုမ္ပဏီလုပ်ထုံးလုပ်နည်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် လူမှုတရားမျှတမှုဆိုင်ရာ နောက်ခံအတွေ့အကြုံများကို ပေါင်းစပ်လုပ်ကိုင်နိုင်သူဖြစ်ပါသည်။
သူမသည် ဥပဒေအထောက်အကူပြုရှေ့နေအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်၍ စီးပွားရေးဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များကိုလုပ် ကိုင်နိုင်ရုံတင်မကဘဲ ကျင့်ဝတ်စံနှုန်းများနှင့် အခွင့်အရေးများအပေါ်ကာကွယ်ခြင်းများကိုလည်း အလေးထား ဆောင်ရွက်နိုင်သည့် ကျွမ်းကျင်မှုနှစ်ရပ်ကို လုပ်ဆောင်နိုင်သူဖြစ်ပါသည်။
မြန်မာ့တရားစီရင်ရေးစနစ်တွင် အမှုဆိုင်ရာမဟာဗျူဟာများချမှတ်ခြင်းနှင့် ကုမ္ပဏီကိုယ်စားအမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ တရားရုံး၏ သမ္မာန်စာများကိုင်တွယ်ခြင်းတို့တွင် ကျွမ်းကျင်သူတဦးဖြစ်ပါသည်။
အခွင့်အရေးနှင့်ရှေ့နေလိုက်ခြင်း။ ။
လူ့အခွင့်အရေး၊ အလုပ်သမားဥပဒေနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ နယ်ပယ်များတွင် ကျယ်ပြန့်သောအတွေ့ကြုံရှိပြီး၊ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် တာဝန်ယူမှု ရှိစေရန်နှင့် ဥပဒေနှင့်အညီဖြစ်စေရန် အာမခံဆောင်ရွက်ပေးနိုင်သူဖြစ်ပါသည်။