Language :
  • English
  • ဗမာစာ
  • မင်္ဂလာပါ။ ကျွန်တော်ကတော့ BNK Capital Myanmar ၏ Managing Director ဖြစ်သူ ဦးဂျူးဝူးချန်း (Joo Woo Chan) ဖြစ်ပါတယ်။
    BNK Capital Myanmar ကို ယုံကြည်အားပေးနေကြတဲ့ clientsများ၊ မိတ်ဖက်များနဲ့ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

    ကျွန်တော်တို့အတွက် clientsတွေရဲ့ ယုံကြည်မှုက အရေးကြီးဆုံးပါ။ အဲဒီယုံကြည်မှုကို တန်ဖိုးထားပြီး လိုအပ်ချက်တွေကို နားထောင်ကာ အသုံးဝင်ပြီး တာဝန်ယူမှုရှိတဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ လူတစ်ဦးချင်းစီနဲ့ လုပ်ငန်းတွေရဲ့ ရည်မှန်းချက်တွေကို ပံ့ပိုးပေးရင်း ဒေသခံလူမှုအသိုင်းအဝိုင်းနဲ့အတူ တိုးတက်သွားဖို့လည်း ရည်ရွယ်ပါတယ်။

    ရှေ့ဆက်ပြီး ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် ဆက်လက်ပြုပြင်သွားပါမယ်။ ဝန်ထမ်းတွေအချင်းချင်း လေးစားပူးပေါင်းပြီး ရိုးသားမှုနဲ့ တာဝန်ယူမှုကို အခြေခံတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာဖို့လည်း အလေးထားပါတယ်။

    ကျွန်တော်တို့နဲ့အတူ လက်တွဲပေးနေကြသူအားလုံးရဲ့ ယုံကြည်အားပေးမှုကြောင့် BNK Capital Myanmar က ရှေ့ဆက်နိုင်တာပါ။ အနာဂတ်မှာလည်း အားလုံးနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ကြိုးစားသွားပါမယ်။
    အားလုံးကို ကျေးဇူးတင်ပါတယ်။ မိသားစုများနဲ့အတူ ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုများ ရရှိကြပါစေ။

    Joo Woo Chan
    Managing Director
    BNK Capital Myanmar