စာရင်းစစ်ဌာနမှူး
သန့်ဇော်မြင့်သည် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံ (၁၆) နှစ်ကျော် တိုင်အောင် ကျွမ်းကျင်စွာ ဆောင်ရွက်ခဲ့သော ဝါရင့်ပညာရှင်တစ်ဦး ဖြစ်ပါသည်။ BNK Capital Myanmar သို့ မဝင်ရောက်မီ မြန်မာ့ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော uab bank တွင် (၁၆) နှစ်တိုင်အောင် တာဝန်အဆင့်ဆင့်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ စစ်ဆေးမှုနှင့် စီမံခန့်ခွဲမှုပိုင်းတွင် အတွေ့အကြုံရင့်ကျက်သူ ဖြစ်ပါသည်။
၎င်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် (Yangon Institute of Economics) မှ Bachelor of Development Studies (B.Dev.S) ဘွဲ့ကို ရရှိထားသည့်အပြင်၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ Diploma in Financial Management ကိုလည်း ရရှိထားသူ ဖြစ်ပါသည်။ လက်ရှိတွင် BNK Capital Myanmar ၏ စာရင်းစစ်ဌာန အကြီးအကဲ (Head of Internal Audit) အဖြစ် တာဝန်ယူကာ ကုမ္ပဏီ၏ လုပ်ငန်းစဉ်များ စနစ်တကျရှိစေရန်စစ်ဆေးထိန်းချုပ်၍ ဦးဆောင်ပံ့ပိုးပေးလျက်ရှိပါသည်။